“Zawgyi
Font”
ငါလဲ မင္းတို႔လို
စာေရးဆရာ ျဖစ္ခ်င္တယ္ကြာ
ဤသို႔ လွ်င္ဗိုလ္ခ်ဳပ္
ေအာင္ဆန္းသည္ သူ ႔ႏွလံုးသားအတြင္းကိန္းေအာင္းတည္
ရွိေနေသာေတာင္ တခ်က္ဆႏၵကို ကြၽန္ေတာ့္အား ဖြင့္ေျပာခဲ့သည္မွာ ႏွစ္ႀကိမ္တိုင္တိုင္ ျဖစ္ပါသည္။
ပထမအႀကိမ္က
၁၉၄၅-ခု၊ ဒီဇင္ဘာလ။၁၉၄၆-ခု ၊ ဇန္န၀ါရီလတြင္ က်င္းပလတၱံ႔ေသာေရႊတိဂံုအလယ္ပစၥယံျပည္လံုးကြၽတ္ညီလာခံႀကီးတြင္သူ ေျပာရမည္
့သဘာပတိမိန္႔ခြန္းရွည္ႀကီ းကိ ု
ဗိုလ္ခ်ဳပ္ကိုယ္တိုင္အဂၤလိပ္ဘာသာျဖင္ ့ႀကိဳးစား ေရးသားေနခ်ွိန္ကျဖစ္ ပါသည္ ။
ဗိုလ္ခ်ဳပ္ကိုယ္တိုင္အဂၤလိပ္ဘာသာျဖင္ ့ႀကိဳးစား ေရးသားေနခ်ွိန္ကျဖစ္ ပါသည္ ။
တစ္ေန႔တြင္ ဗိုလ္ခ်ဳပ္သည္ မိန္႔ခြန္းေရး သားျခင္းကို ေခတၱရပ္နား၍ လက္ဖက္ရည္ေသာက္ရင္း မႏၲေလးမွလူထုဦးလွ
ႏွ င္ ့ ေဒၚအမာတို႔ ထုတ္ေ၀ေသာ
“လူထု” ဂ်ာနယ္ မွ ကြၽန္ေတာ္ ့ ၀တၳဳတို တစ္ပုဒ္ကို ဖတ္ မိၿပီး အားက်မိဟန္ျဖင့္ စာေရးဆရာျဖစ္ခ်င္ေၾကာင္းကို ဖြင့္ေျပာလိုက္ျခင္းပင္ျဖစ္ပါသည္။
ေနာက္တစ္ႀကိမ္
အလားတူ သူ ေျပာခဲ့သည္မွာ ၁၉၄၇-ခုႏွစ္ ဧၿပီလ ကျဖစ္ပါသည္။
ဗမာ့လြတ္လပ္ေရး
အႀကိဳကာလ၌ ပထမအႀကိမ္ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ ေရြးေကာက္ပြဲႀကီးအတြက္
ဗိုလ္ခ်ဳပ္
ေအာင္ဆန္ းသည္ ႏိုင္ငံ အႏွံအျပားသို႔ ခရီးလွည္
့လည္ ၍ စည္း႐ုံးေဟာေျပာရင္း ဧၿပီလဆန္းေသာ္ သူ၏ဇနီး သားသမီးမ်ားႏွင့္အတူ ေမၿမိဳ႔(ျပင္ဦးလြင္)
သို႔ ေရာက္ေနခိုက္ ေခတၱအပန္းေျဖ အနားယူေနခဲ့ပါသည္။
ခါတိုင္းဆိုလွ်င္
လုပ္ငန္းတာ၀န္ ျဖင့္ ခရီးထြက္ရာတြင္ သူ၏မိသားစုကို ေခၚေလ့မရွိေသာ္လည္း ယခုတစ္ႀကိမ္တြင္မူအျပန္ခရီးကိုမေကြး၊ေတာင္တြင္းႀကီး၊ေအာင္လံ၊ျပည္ၿမိဳ႔မွတစ္ဆင့္ ရန္ကုန္သို႔ဆင္းရန္ျဖစ္ရာ ဗိုလ္ခ်ဳပ္ကမေတြ႔ရတာၾကာၿပီ
ျဖစ္ေသာမိခင္ႀကီးေဒၚစုအားနတ္ေမာက္ၿမိဳ႔သို႔
၀င္ကန္ေတာ့ရင္းခ်စ္ဇနီးေဒၚခင္ၾကည္ႏွင့္တကြမိခင္ႀကီးေဒၚစု၏ ေျမးမ်ားကိုပါ ျပလိုေသာေၾကာင့္ရန္ကုန္မွအထြက္
ေခၚလာခဲ့ျခင္း ျဖစ္ပါသည္။တစ္ညေနတြင္ေမၿမိဳရွိတည္းခုိရာအိမ္၀င္းအတြင္ျမက္ခင္းျပင္တြင္သူ၏ကေလးမ်ားေဆာ့ကစား ေနပံုကို ၾကည့္ၿပီးၾကည္ႏူးပီတိျဖစ္ေနရာမွတစ္စံုတစ္ခုကိုစဥ္းစားမိဟန္ျဖင့္ကြၽန္ေတာ္အားရင္ဖြင့္သလိုေျပာပါသည္။
၀င္ကန္ေတာ့ရင္းခ်စ္ဇနီးေဒၚခင္ၾကည္ႏွင့္တကြမိခင္ႀကီးေဒၚစု၏ ေျမးမ်ားကိုပါ ျပလိုေသာေၾကာင့္ရန္ကုန္မွအထြက္
ေခၚလာခဲ့ျခင္း ျဖစ္ပါသည္။တစ္ညေနတြင္ေမၿမိဳရွိတည္းခုိရာအိမ္၀င္းအတြင္ျမက္ခင္းျပင္တြင္သူ၏ကေလးမ်ားေဆာ့ကစား ေနပံုကို ၾကည့္ၿပီးၾကည္ႏူးပီတိျဖစ္ေနရာမွတစ္စံုတစ္ခုကိုစဥ္းစားမိဟန္ျဖင့္ကြၽန္ေတာ္အားရင္ဖြင့္သလိုေျပာပါသည္။
“ေဟ့ေကာင္၊ငါေတာ့လြတ္လပ္
ေရးရၿပီး ရင္ႏိုင္ငံ ေရးကအနားယူမယ္စိတ္ကူးတယ္။တိုင္းျပည္အုပ္ခ်ဳပ္
ေရးတာ၀န္ကိုေတာ့ငါတို႔ရဲ႔လုပ္ေဖာ္ကိုင္ဖက္လူေကာင္းေတြလႊဲေပးၿပီးငါကေတာ့အနားယူရင္းစာေရးဆရာ
လုပ္ခ်င္တယ္။မင္းကလဲစာေရးဆရာျဖစ္ေပၿပီဆိုေတာ့ငါ
့ အဖို႔အေဖာ္လဲရတာေပါ့။ငါတို႔ဆရာတပည့္ႏွစ္
ေယာက္စာေရးစားရင္ ျဖစ္ႏိုင္ပါလိမ့္မယ္ကြာ။တို႔ႏွစ္ေယာက္စလံုး ဗမာလိုေရာ၊အဂၤလိပ္လိ ု ပါစာေတြ
ေရးၾကမယ္။ဒါမွလဲငါ့မိသားစုအတြက္ ေလာက္မယ္။တကယ္ပါကြ ာ ငါကတကၠသိုလ္ေက်ာင္းသားဘ၀ထဲ
ေယာက္စာေရးစားရင္ ျဖစ္ႏိုင္ပါလိမ့္မယ္ကြာ။တို႔ႏွစ္ေယာက္စလံုး ဗမာလိုေရာ၊အဂၤလိပ္လိ ု ပါစာေတြ
ေရးၾကမယ္။ဒါမွလဲငါ့မိသားစုအတြက္ ေလာက္မယ္။တကယ္ပါကြ ာ ငါကတကၠသိုလ္ေက်ာင္းသားဘ၀ထဲ
ကစာေရးဆရာျဖစ္ခ်င္တဲ
့ဆႏၵရွိခဲ့တယ္”
ဤသို႔လွ်င္ဗိုလ္ခ်ဳပ္သည္သူ၏ရင္ထဲရွိသည့္အတိုင္းပြင့္လင္းစြာဖြင့္ေျပာခဲ့ပါသည္။
သို႔ရာတြင္ ေနာက္သံုးလမွ်အၾကာရန္ကုန္ၿမိဳ ႔အတြင္း၀န္႐ုံး အစည္း အေ၀းခန္းမ၌မသာမာသူလူယုတ္မာ
တို႔၏လုပ္ႀကံမႈ
ျဖင့္မ႐ႈမလွေရတိမ္နစ္က်ဆံုးရေတာ့မည္ဟူ ေသာကံၾကမၼာ၏အလွည့္အေျပာင္း ကိုဗိုလ္ခ်ဳပ္ကသိမသြားရွာသည္မွာအမွန္ေၾကကြဲရင္နင့္ဖြယ္
ေကာင္းလွပါသည္။
ဗိုလ္ခ်ဳပ္
ေအာင္ဆန္းသည္သူႏွစ္ႀကိမ္တိုင္တိုင္ဖြင္ ့ ေျပာခဲ့သလိုစာေရးဆရာျဖစ္ခ်င္သည္ဆိုသည့္အတိုင္း
တကယ္လည္ း စာေရးဆရာျဖစ္ႏိုင္ ေသာအရည္အခ်င္း အျပည့္အ၀ရွိေၾကာင္းကိုကြၽန္ေတာ့္အေနျဖင္ ့
ေစာေစာပိုင္းကပင္ႀကိဳတင္သိရွိေနခဲ့ပါသည္။
ေစာေစာပိုင္းကပင္ႀကိဳတင္သိရွိေနခဲ့ပါသည္။
တကၠသိ ုလ္သမဂၢေခါင္းေဆာင္အျဖစ္မွႏႈတ္ထြက္၍အခ်ိန္ျပည့္ွႏိုင္ငံ
ေရးလုပ္ရန္တို႔ဗမာအစည္းအ႐ုံး၏
အေထြေထြအတြင္းေရးမွဴး “သခင္ ေအာင္ဆန္း” ဘ၀ကတည္းကသူသည္စာေရးဆရာျဖစ္ေနၿပီဟုဆို
ႏိုင္ပါသည္။သူ႔အား ဗမာ့လြတ္လပ္ေရးတပ္မေတာ္၏ ေသနာပတိဗိုလ္ ေတဇ သို႔မဟုတ္
ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ျဖစ္လာမွစတင္သိကြၽမ္းခဲ့သူမ်ားဆိုလွ်င္စစ္ႀကိဳေခတ္(၁၉၄၁-ခုႏွစ္မတိုင္မီ)ေက်ာင္းသားေခါင္းေဆာင္ကိုေအာင္ဆန္း
ႏွင္ ့တို႔ဗမာအစည္းအ႐ုံး၏
အေထြေထြအတြင္းေရးမွဴး “သခင္ေအာင္ဆန္း”ဘ၀ကစာေပအေရးအသားကြၽမ္းက်င္မႈႏွင့္
စာေပစြမ္းရည္အေၾကာင္းသိမည္မဟုတ္ပါေခ်။အထူးသျဖင့္ဗိုလ္ခ်ဳပ္ႏွင့္ပတ္သက္၍
ေအာက္ပါအခ်က္မ်ားကိုသိရွိခဲ့သူနည္းပါးၾကပါသည္။
သူသည္ပင္ကိုယ္သဘာ၀စရိုက္အားျဖင့္စိတ္ဓာတ္ခိုင္မာျပင္းထန္သူျဖစ္သည့္အေလွ်ာက္တို႔ဗမာ
အစည္းအရံုးႀကီး
၏အေထြေထြအတြင္းေရးမွဴး အျဖစ္အခ်ိန္ျပည္ ့ ႏိုင္ငံ ေရးလုပ္ရန္ဆံုးျဖတ္လိုက္ခ်ိန္မွ
စ၍နတ္ေမာက္ၿမိ
ဳ ႔ရွိမိခင္ထံမွ ေငြေၾကးေထာက္ပံမႈအကူအညီမယူဘဲမိမိကိုယ္တိုင္ရန္ကုန္ၿမိဳ ႔တြင္ ျဖစ္သလိ
ု ရပ္တည္ ေနထိုင္ရင္းႏိုင္ငံ ေရးလုပ္ခဲ့ပါသည္။သို႔ေသာ္ ေရေက်ာ္လမ္းရွိ တို႔ဗမာအစည္းအရံုးမွာပင္ ေနထိုင္ၿပီး ၿခိဳးၿခံ ေခြၽတာသံုးစဲြရန္အတြက္လိုအပ္ေသာေငြကိုမူသူသည္
စာေရးျခင္းပညာျဖင့္ႀကိဳးစားရွာေဖြခဲ့ပါသည္။ရန္ကုန္အေရွ႕ပိုင္း ေမာင္ဂိုမာရီလမ္း
စာေရးျခင္းပညာျဖင့္ႀကိဳးစားရွာေဖြခဲ့ပါသည္။ရန္ကုန္အေရွ႕ပိုင္း ေမာင္ဂိုမာရီလမ္း
(ယခုဗိုလ္ခ်ဳပ္ ေအာင္ဆန္းလမ္း) ေရေက်ာ္ရွိဗမာပိုင္တစ္ခုတည္း ေသာ“နယူးဘားမား”(အဂၤလိပ္)
သတင္းစာတြင္အဂၤလိပ္ဘာသာျဖင့္ႏိုင္ငံေရးေဆာင္းပါးမ်ားေရးသားျခင္း။
ထုိေခတ္ကနာမည္ေက်ာ္ၾကားဆံုးမဂၢဇင္းျဖစ္ေသာ
“ဒဂုန္မဂၢဇင္း” တြင္ဗမာဘာသာျဖင့္ ေဆာင္းပါး
မ်ားေရးသားျခင္း။ဗမာ့အလင္း
ေန႔စဥ္သတင္း စာႀကီးအတြက္ ( နာမည္မေဖာ္ဘဲ
) အယ္ဒီတာအာေဘာ
(သိ႔ုမဟုတ္)ေခါင္ႀကီးမ်ားေရးသားခဲ့ျခင္းစသည္ျဖင့္ႏိုင္ငံေရးတာ၀န္ေတြမ်ားျပားသည့္ၾကားမွပင္ႀကိဳးစား၍စာေပမ်ားေရးသားခဲ့ပါသည္။သတင္းစာေခါင္းႀကီးပိုင္း
တစ္ပုဒ္လွ်င္ဗမာ့အလင္း
သတင္ း စာတိုက္အုပ္
ဦးတင္ကစာမူခတစ္ဆယ္က်ပ္ေပးခဲ
့
ပါသည္။ဒဂုန္မဂၢဇင္ း တာ၀န္ခံအယ္ဒီတာဦးခ်စ္စိန္ (ေရႊညာေမာင္ )ဆိုလွ်င္လည္း ၁၉၃၆ခုႏွစ္တကၠသုိလ္သပိတ္အတြင္းကပင္ကိုေအာင္ဆန္းအား ေလးစားၾကည္ညိဳခဲ့သျဖင့္စာမူခဒဂုန္မဂၢဇင္းမွ ေဆာင္းပါးတစ္ပုဒ္လွ်င္စာမူခ ေငြသံုးဆယ္ ေပးခဲပါသည္။အျခားစာေရးဆရာမ်ားစာမူခဆယ္ငါးက်ပ္
ပါသည္။ဒဂုန္မဂၢဇင္ း တာ၀န္ခံအယ္ဒီတာဦးခ်စ္စိန္ (ေရႊညာေမာင္ )ဆိုလွ်င္လည္း ၁၉၃၆ခုႏွစ္တကၠသုိလ္သပိတ္အတြင္းကပင္ကိုေအာင္ဆန္းအား ေလးစားၾကည္ညိဳခဲ့သျဖင့္စာမူခဒဂုန္မဂၢဇင္းမွ ေဆာင္းပါးတစ္ပုဒ္လွ်င္စာမူခ ေငြသံုးဆယ္ ေပးခဲပါသည္။အျခားစာေရးဆရာမ်ားစာမူခဆယ္ငါးက်ပ္
ႏွစ္ဆယ္ခန႔္သာ
ရရွိခ်ိန္၌စာေရးဆရာသခင္ေအာင္ဆန္းရခဲ့ေသာစာမူခေငြသံုးဆယ္မွာထိုေခတ္က
အေတာ္မ်ားသည္ဆိုႏိုင္ပါသည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းတြင္စာေရးဆရာျဖစ္ႏိုင္ေသာအရည္အခ်င္းရွိသည္ကို
ေစာေစာကပင္ကြၽန္ေတာ္
သိရွိခဲ့ေၾကာင္း အထက္တြင္ ေဖာ္ျပခဲ့သည့ ္အတိုင္းသူ၏စာေရးသားမႈအရည္အေသြးကို ခန္႔မွန္းအကဲ
ခတ္ႏိုင္ရန္ေအာက္ပါသူ၏စစ္ႀကိဳ
ေခတ္စာေပလက္ရာအခ် ိဳ ႔ကို အေထာက္အထားအျဖစ္ေကာက္ႏႈတ္္
ျပလိုက္ရပါသည္။
(ကံတရား၏ရိုက္ပုတ္ျခင္းဒဏ္ခ်က္ေၾကာင့္ငါ၏ဦးေခါင္းသည္
ေသြးသံတို႕ျဖင့္ရဲရဲနီေန၏။သို႔ေသာ္ညႊတ္ကား၊မညႊတ္။
ေလာဘ၊ ေဒါသတို႔၏ႀကီးစုိးရာဌာန၏အျခားမဲ့၌ကား ေသျခင္)
၁၉၄၀ ျပည္ ့ ႏွစ္၊
ေဖေဖာ္၀ါရီလထုတ္ဒဂုန္မဂၢဇင္ း တြင္္
(သခင ္ ေအာင္ဆန္း) ကေလာင္အမည္ ျဖင္
့ ေရးသားခဲ ့ ေသာ (ႏိုင္ငံ ေရးအမ်ိဳးမ်ိဳး) ေဆာင္းပါးမွ
ေအာက္ပါ
ေကာက္ႏႈတ္ခ်က္မ်ားသည္လည္ း စိတ္၀င္စားဖြယ္ေကာင္းသည္ႏွင့္အမွ်ဗိုလ္ခ်ဳပ္၏
စာေပေရးသားဖြဲ႕ဆိုပံု၊ ေရးနည္းေရးဟန္တို႔ကို ေလ့လာအကဲခတ္ႏိုင္ပါသည္။
ေကာက္ႏႈတ္ခ်က္မ်ားသည္လည္ း စိတ္၀င္စားဖြယ္ေကာင္းသည္ႏွင့္အမွ်ဗိုလ္ခ်ဳပ္၏
စာေပေရးသားဖြဲ႕ဆိုပံု၊ ေရးနည္းေရးဟန္တို႔ကို ေလ့လာအကဲခတ္ႏိုင္ပါသည္။
ဤေဆာင္းပါးေရးရာတြင္ႏိုင္ငံ
ေရးဆိုေသာစကားကိ ု ေရွးဦးစြာသံုးသပ္ရန္လိုသည္။
(တိုင္းေရးျပည္ ေရးေပါက္ႏွင္ ့ ေၾကး) ( ၾကက္ဥအေရာင္တိမ္ ေတာင္သဖြယ္မင္ ေရးခ်ယ္)
(တိုင္းေရးျပည္ ေရးေပါက္ႏွင္ ့ ေၾကး) ( ၾကက္ဥအေရာင္တိမ္ ေတာင္သဖြယ္မင္ ေရးခ်ယ္)
စသည္ျဖင္ ့ေရွ းဗမာစာမ်ားတြင္ဖတ္ရမွတ္ရပါ၏။ယင္း
စကားမ်ားသည္ ေကာင္းလည္းေကာင္း၏။
ဆိုးလည္းဆိုး
၏။ ေကာင္းပံု ကားႏိုင္င ံ ေရး၏ခက္ခဲနက္နဲေသာအဓိပၸာယ္က်ယ္၀န္းေသာအဓိပၸာယ္၊
သိမ္ေမြ႔ ေသာအဓိပၸာယ္တို႔ကိုေဆာင္၏။ဆိုးပံု ကားၾကားရသူမ်ားအားလမ္းစရွာမေေတြ႔ေစဘဲ၊
ဆိုင္း၀ိုင္းတြင္တီးလိုက္တိုင္ း ျမည္သည္ ့ စည္ကဲ့သိ ု ႔ပညာရွ ိ ႀကီးသဖြယ္လူမ်ားအထင္ႀကီးေအာင္
ေျပာေအာင္၊ ေျပာလို႔ရသည့္စကားလည္းျဖစ္၏။ထို႔ေၾကာင္ ့ ကြၽန္ေတာ္တို႔အဖို႔မွာ
သိမ္ေမြ႔ ေသာအဓိပၸာယ္တို႔ကိုေဆာင္၏။ဆိုးပံု ကားၾကားရသူမ်ားအားလမ္းစရွာမေေတြ႔ေစဘဲ၊
ဆိုင္း၀ိုင္းတြင္တီးလိုက္တိုင္ း ျမည္သည္ ့ စည္ကဲ့သိ ု ႔ပညာရွ ိ ႀကီးသဖြယ္လူမ်ားအထင္ႀကီးေအာင္
ေျပာေအာင္၊ ေျပာလို႔ရသည့္စကားလည္းျဖစ္၏။ထို႔ေၾကာင္ ့ ကြၽန္ေတာ္တို႔အဖို႔မွာ
ႏိုင္ငံ ေရးဆိ ုသည္ ့ အဓိပၸာယ္အက်ယ္အ၀န္း အတိုင္းအထြာကိုစဥ္းစား
မိ၏။(ဗမာျပည္၏ႏိုင္ငံေရးသမိုင္းကို
ျပန္ေျပာင္း၍ၾကည့္လွ်င္ႏိုင္ငံေရးဆိုသည္မွာဘယ္လိုဟာမ်ိဳးပါဟု
တပ္တပ္အပ္အပ္မရွ
ိသည္ကိုေတြ႔ရ၏။ဗမာမ်ားအဖို ႔ဟုမၼ႐ူး၊အင္ဒီပင္းဒင္ ့ ၊ဘုံ၀ါဒ၊ဆင္းရဲသား၀ါဒ၊၀ံသာႏု
စသည္ျဖင့္မီးခိုးမဆံုးမိုးမဆံုး
ျဖစ္ေနခဲ့သည္။
အဂၤလိပ္လုိ)
ေပၚလစ္တစ္(Politic) ဆိုေသာစကားသည္အဂၤလိပ္စကားမဟုတ္။(ေပၚလစ္တစ္
)
ဟူသည္ ေခါမတိုင္း ေခၚဂရိတ္ႏိုင္ငံမွစတင္ ေပၚေပါက္လာ၏။ေခါမဘာသာျဖင္
့( ေပၚလစ္တစ္)ဆိုေသာ
စကားမွဆင္းသက္လာ၏။အဓိပၸာယ္ကားလူအမ်ားစု
ေပါင္းအုပ္ခ်ဳ ပ္မႈဟူ၍ ျဖစ္သည္။ထို႔ေၾကာင့္ႏိုင္ငံ
ေရးးကိ ုဆိုရွယ္ဆိုင္းယင့္စ္(Social
Science) ေခၚ ေပါင္းသင္းဆက္ဆံမႈ
သိပၸံပညာဟုယူဆရမည္ျဖစ္၏။အထက္တြင္တင္ျပခဲ့ေသာႏိုင္ငံ ေရး၏သေဘာကိ ု အက်ယ္ဋီကာဖြင္ ့
သိပၸံပညာဟုယူဆရမည္ျဖစ္၏။အထက္တြင္တင္ျပခဲ့ေသာႏိုင္ငံ ေရး၏သေဘာကိ ု အက်ယ္ဋီကာဖြင္ ့
ရလွ်င္ကုန္ႏိုင္ဖြယ္ရာမရွိ။သို႔ေသာ္ပိုမိုသေဘာေပါက္
ေစျခင္းငွာ ထပ္မံသရုပ္ေဆာင္
ျပရဦးအံ့ႏိုင္ငံ ေရးသည္လူမႈ ေရးကိစၥအားလံုးပင္ ျဖစ္၏။
ျပရဦးအံ့ႏိုင္ငံ ေရးသည္လူမႈ ေရးကိစၥအားလံုးပင္ ျဖစ္၏။
(ေနာက္တစ္နည္းကားလူသားတို႔သည္လူ႐ိုင္းဘ၀မွလူယဥ္ေခတ္ေရာက္လာသည့္အခါ
(ႏိုင္ငံေရး)
ေပၚလာသည္ဟုဆိုၾက၏။)
(ကြၽန္ေတာ္၏အယူအဆတြင္မူႏိုင္ငံေရးကိုသိပၸံပညာအရထင္ျမင္သုံးသပ္မွသာမွန္ကန္သည္ဟု
ထင္မိပါ၏)အထက္ပါ
ေကာက္ႏႈတ္ခ်က္မ်ားကို ေလ့လာၾကည့္ျခင္းအားျဖင့္ထိုေခတ္ (၁၉၄၀) ကႏိုင္ငံေရးသိပၸံပညာ (Political
Science)အေၾကာင္း ေရးသားႏုိင္သူအလြန္ရွားေနခ်ိန္တြင္
သခင္ေအာင္ဆန္း၏ေရးသားခ်က္မ်ားအရသူသည္ႏိ
ုင္ငံ ေရးသိပၸ ံ အေၾကာင္းပိုင္ႏိုင္စြ ာ
ေလ့လာထားေၾကာင္
း သိသာထင္ရွား ပါသည္။တစ္ဖန္ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏စာေပေရးသားမႈ
(ဟန္) ေနာက္တစ္မ်ိဳးကိုတင္ျပလိုပါေသးသည္။၁၉၄၃-ခုႏွစ္ၾသဂုတ္လတြင္ဂ်ပန္တို႔က
(ဟန္) ေနာက္တစ္မ်ိဳးကိုတင္ျပလိုပါေသးသည္။၁၉၄၃-ခုႏွစ္ၾသဂုတ္လတြင္ဂ်ပန္တို႔က
ဗမာႏိုင္ငံအားလြတ္လပ္ေရး (အတု ) ေပးခဲ ့ ေသာအခါဗိုလ္ခ်ဳပ္ေအာင္ဆန္း
သည္ဗမာ့တပ္မေတာ္၏ ေသနာပတိရာထူးအျပင္အဓိပတိ ေဒါက္တာဘေမာ္၏အစိုးရဖြ ဲ ႔တြင္လည္း(စစ္၀န္ႀကီး) ရာထူးပါရခဲ ့ ပါသည္။ထိ ုအခါသူ၏စစ္၀န္ႀကီး႐ုံးကိုရန္ကုန္ၿမိဳ႔ဦး၀ိစာရလမ္း
၏အေရွ႔ဘက္ ျခမ္ း(ေနာက္ပိုင္း၀ိဇယ႐ုပ္ရွင္႐ုံတည္ရာမွ ေျမာက္ဖက္ယြန္းယြန္းတြင္ထားရွိခဲ့ပါသည္။)
ဗိုလ္ခ်ဳပ္ကိုယ္တိုင္က(စစ္၀န္ႀကီး)အျဖစ္
ေန႔စဥ္႐ုံးတက္ၿပီးတပ္မေတာ္တစ္ခုလံုးကိုစီမံခန္႔ခြဲကြပ္ကဲ
ခဲ့ပါသည္။အသစ္ဖြဲစည္းလိုက္
ေသာစစ္၀န္ႀကီး႐ုံး အေျခက်လာေသာအခါအခ်ိန္အနည္းငယ္ရသျဖင့
္
ဗိုလ္ခ်ဳပ္သည္သူ
ေစာေစာကပင္ ေရးသားရန္ရည္ရြယ္ထားခဲ့ေသာစာေရးျခင္းအလုပ္ကိုစတင္လုပ္ခဲ့ပါသည္။
သူေရးသည့္စာကေတာ့အဂၤလိပ္ဘာသာျဖင့္
ကိုယ္ေရးအတၳဳပၸတၱိပင္ျဖစ္သည္။
သို႔ရာတြင္ဗိုလ္ခ်ဳပ္သည္သူအလြန္စိတ္၀င္စားစြာျဖင့္
ေရးေနေသာကိုယ္ေရးအတၳဳပၸတၱိကိုၿပီးေအာင္
အဆံုးမသတ္ႏိုင္ခဲ့ရွာပါ။၁၉၄၄တြင္ဖက္ဆစ္ေတာ္လွန္မႈအေရးေတာ္ပံုအတြက္လွ်ိဳ႔၀ွက္
ျပင္ဆင္မႈမ်ားျဖင့္
အလြန္အလုပ္မ်ားလာေသာေၾကာင္
့ ဗိုလ္ခ်ဳပ္၏ ေရးလက္စကိုယ္ေရးအတၳဳ ပၸတၱ ိ
ကိ ု တစ္ပိုင ္ းတစ္စႏွင္ ့ ပင္ရပ္ထားခဲ ့
ရသည္မွာ၁၉၄၇ခုႏွစ္သူကြယ္လြန္သြားခ်ိန္အထိပင္ျဖစ္ပါသည္။
ယင္းဗိုလ္ခ်ဳပ္၏ကိုယ္ေရးအတၳဳပၸတၱိမွ
ေအာက္ပါေကာက္ႏႈတ္ခ်က္မ်ားကို ေလ့လာၾကည့္ၾကပါစို႔။
(ကြၽန္ေတာ္သည္လူ႐ိုင္းဘ၀ကလာေလသလားမသိ။ယေန႔အထိလူ႐ိုင္းသေဘာမ်ိဳး
ေနခ်င္သည့္
စိတ္ထားမ်ားရွိေနသည္။ရံဖန္ရံခါလူယဥ္ေက်းဆိုသူမ်ားႏွင့္အသားမက်ခဲ့။မ်က္စိေနာက္
ျမင္ျပင္းကပ္
လာသည္။ထိုအခါငါသည္လူ႐ိုင္းဟုဇာတိစြဲ
ျဖစ္ခ်င္သည့္စိတ္ ေပၚလာတတ္သည္။လူ႐ိုင္းကားၾကမ္း၏။
ခက္ထန္၏။သို႔ေသာ္
ျဖဴေျဖာင့္၏။တည္ၾကည္၏။လြတ္လပ္၏။က်န္းမာ၏။သန္စြမ္း၏။ကြၽန္ေတာ္၏
စိတ္၀ယ္အင္မတန္စိုေျပလတ္ဆတ္
ေသာဘ၀ဟုယူဆမိသည္။ဗမာျပည္ရွိလူအားလံုး လူ႐ိုင္း
ဘ၀သိ ု ႔ေရာက္ခ်င္ေရာက္သြား ပါေစ။လြတ္လပ္ခ်မ္းသာစြာ
ေခါင္းေထာင္ ေနႏိုင္မည္ဆိုလွ်င္မလြတ္လပ္
ေသာလူယဥ္ ေက်းဘ၀ထက္ကြၽန္ေတာ္အဆတစ္ရာျမတ္ႏိုးသည္။)(ကြၽန္ေတာ္စိမ္းလန္းစိုေျပက်ယ္
ေသာလူယဥ္ ေက်းဘ၀ထက္ကြၽန္ေတာ္အဆတစ္ရာျမတ္ႏိုးသည္။)(ကြၽန္ေတာ္စိမ္းလန္းစိုေျပက်ယ္
ျပန္႔ ေသာလြင္ ျပင္႐ိုင္းတြင္လက္ပန္းေပါက္ခတ္၍လြတ္လြတ္လပ္လပ္
ျမဴးတူးေအာ္ဟစ္ေနလိုသည္)အထက္ပါ ေကာက္ႏႈတ္ခ်က္ကိ ု ၾကည္ ့ ျခင္ းအားျဖင္ ့ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏ဗမာစကားေျပ ေရးသားဟန္ကိုေပၚလြင္ထင္ရွားသည္ဟုဆိုရပါမည္။၀ါက်တည္ေဆာက္ပံုကတိုတိုတုတ္တုတ္ႏွင့္လိုရင္းကိုထိထိမိမိေရးဖြဲ႔ထားသည္။သံုးသည့္ေ၀ါဟာရစကားလံုးမ်ားကလည္းတိက်ျပတ္သားသည္။ဟန္ေဆာင္မႈကင္းေသာ
သူ၏ပင္ကိုယ္သဘာ၀စ႐ိုက္ကိုပါ ေပၚလြင္ေစသည္ ့ အျပင္သူ၏ႏွလံုးသားအတြင္း ကိန္းေအာင္းတည္ရွိ
ေနေသာျဖစ္ေပၚခံစားခ်က္ကိုပါပြင့္လင္းစြာေဖာ္ထုတ္ေရးဖြဲ႕ထားသည္ဟုဆိုႏိုင္ပါသည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏
စာေပအေရးအသားအေၾကာင္း ေျပာရလွ်င္သူ၏အဂၤလိပ္စာ ေရးသားမႈကြၽမ္းက်င္ပံုကိုပါ ေဖာ္ထုတ္တင္
ျပရမည္။၁၉၆၅-ခုႏွစ္ကကြၽန္ေတာ္သည္လုပ္သား(အဂၤလိပ္
) သတင္းစာအတြက္
(တပ္မေတာ္ေန႔)
ေဆာင္းပါးတစ္ပုဒ္ကိုအဂၤလိပ္ဘာသာျဖင့္ ေရးသားခဲ့ဖူးပါသည္။
ယင္းေဆာင္းပါး၌ကြၽန္ေတာ္သည
္၁၉၄၅-ခုႏွစ္၊ၾသဂုတ္လကဗိုလ္ခ်ဳပ္ ေအာင္ဆန္းကိုယ္တိုင္ ေရးသား
ဖတ္ၾကားခဲ
့ ေသာ(ဖက္ဆစ္ ေတာ္လွန္ ေရးစစ္တမ္း) အဂၤလိပ္ဘာသာမူရင္းမွ ေကာက္ႏႈတ္ခ်က္အခ်ိဳ ႔ကို ကိုးကားခဲ ့ပါသည္။
ယင္းေဆာင္း
ပါးကိုသတင္း စာတြင္ မထည္မီ တစ္ရက္ကလုပ္သား
(အဂၤလိပ္စာ ) သတင္ း စာအယ္ဒီတာခ်ဳပ္ဦးခင္ေမာင္လတ္
(ေဒၚခင္မ်ိဳးခ်စ္၏ခင္ပြန္း)ကကြၽန္ေတာ့္ကိုတယ္လီဖုန္းဆက္ေမးပါသည္။
(ကိုေန၀င္း၊ခင္ဗ်ား
ေဆာင္းပါးက ေကာင္းပါတယ္။ကြၽန္ေတာ္တို ႔သံုးမွာပါ။ဒါထက္အဲ့ဒီ
ေဆာင္းပါးမွ ာ
ခင္ဗ်ားေကာက္ႏႈတ္ကိုးကားထားတဲ့ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႔အဂၤလိပ္လို
(ဖက္ဆစ္ေတာ္လွန္ေရးစစ္တမ္း)ကို
ဗိုလ္ခ်ဳပ္ကိုယ္တိုင္ေရးခဲ့တာလား၊ဒါမွမဟုတ္တစ္ေယာက္ေယာက္ကမ်ား
ေရးေပးတာလား)
(ဗိုလ္ခ်ဳပ္ကိုယ္တိုင္ေရးတာပါ၊အဲဒါေတာ့ကြၽန္ေတာ္ေကာင္းေကာင္းသိပါတယ္။ဘာျဖစ္လို႔လဲဆရာ
ခင္ ေမာင္လတ္)
(ဘာျဖစ္လို႔လဲဆိုေတာ့အဂၤလိပ္စာအေရးအသား
ေကာင္းလြန္းလို႔ပါပဲ။ ေ၀ါဟာရ “သတ္ပံု၊၀ါက်
တည္ေဆာက္ပံု
၊စကားလံုး ေတြသံုးထားပံုကဗိုလ္ခ်ဳပ္လို ဗမာစာဦး
စားေပးသင္တဲ ့ ေရနံေခ်ာင္း ေနရွင္နယ္ေက် ာင္ းကထြက္လာသူတစ္ဦးရဲ႔လက္ရာနဲ႔လံုး၀မတူဘူးဗ်ာ။ရွင္းရွင္းေျပာရရင္ခရစ္ယာန္သာသနာျပဳ
ေက်ာင္း(ယူ႐ုိပီယမ္
ေက်ာင္း)ထြက္ ေတြထက္ ေတာင္သာေနလို႔အံ ့ ၾသစရာေကာင္း လို႔ပါ။တကယ္ပါဗ် ာ။ဗိ ု လ္ခ်ဳပ္လို အဂၤလိပ္စာေရးသားမႈပိုင္ႏိုင္ကြၽမ္းက်င္သူမ်ိဳးဟာအလြန္ရွားပါတယ္။ကဲ-ဒါပါပဲ)
ဤသို႔လွ်င္သူကိုယ္တုိင္ကမဟာ၀ိဇၨာ(အဂၤလိပ္)ဘဲြ႔ရအဂၤလိပ္စာျပဆရာႀကီးတစ္ဦးလုပ္ခဲ့သူ
ဦးခင္ေမာင္လတ္ကိုယ္တိုင္ဖြင္
့ ဟခ်ီးက်ဴး ခဲ ့ ရေလာက္ ေအာင္ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏အဂၤလိပ္စာကြၽမ္ း က်င္မႈသည္အံ့ၾသဖြယ္ရာ
ေကာင္းလွပါသည္။
ထိ ု ႔ ေၾကာင္
့ (လြတ္လပ္ ေရးရၿပီးရင္ငါေတာ့ႏိုင္ငံ ေရးကအနားယူၿပီး စာေရးဆရာလုပ္မယ္စိတ္ကူး တယ္)
ဟု၁၉၄၇-ခုႏွစ္ဧၿပီလက ျပင္ဦးလြင္
( ေမၿမိ ဳ ႔ )တြင္ ေျပာခဲ့သူဗိုလ္ခ်ဳပ္သည္တကယ္ပင္စာေရးဆရာ (အဂၤလိပ္ဗမာႏွစ္ဘာသာ) ကြၽမ္းက်င္သူတစ္ဦး ျဖစ္ႏိုင္သည္မွာလံုး၀ယံုမွားဖြယ္မရွိပါေၾကာင္း
တင္ျပလိုက္ရပါသည္။
“ျပည္ေထာင္စုဗိသုကာ
ဗိုလ္ခ်ဳပ္ေအာင္ဆန္း စာအုပ္” မွေကာက္ႏုတ္ တင္ၿပပါသည္။
“Unicode
Font”
“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”
ငါလဲ မင်းတို့လို စာရေးဆရာ ဖြစ်ချင်တယ်ကွာ
ဤသို့ လျှင်ဗိုလ်ချုပ် အောင်ဆန်းသည် သူ ့နှလုံးသားအတွင်းကိန်းအောင်းတည် ရှိနေသောတောင်
တချက်ဆန္ဒကို ကျွန်တော့်အား ဖွင့်ပြောခဲ့သည်မှာ နှစ်ကြိမ်တိုင်တိုင်
ဖြစ်ပါသည်။
ပထမအကြိမ်က ၁၉၄၅-ခု၊ ဒီဇင်ဘာလ။၁၉၄၆-ခု ၊ ဇန်နဝါရီလတွင် ကျင်းပလတ္တံ
့သော
ရွှေတိဂုံအလယ်ပစ္စယံပြည်လုံးကျွတ်ညီလာခံကြီးတွင်သူ ပြောရမည် ့သဘာပတိမိန့်ခွန်းရှည်ကြီ းကိ ု
ဗိုလ်ချုပ်ကိုယ်တိုင်အင်္ဂလိပ်ဘာသာဖြင်
့ကြိုးစား ရေးသားနေချှိန်ကဖြစ် ပါသည် ။
တစ်နေ့တွင် ဗိုလ်ချုပ်သည် မိန့်ခွန်းရေး သားခြင်းကို ခေတ္တရပ်နား၍ လက်ဖက်ရည်သောက်ရင်း မန္တလေးမှ
လူထုဦးလှ နှ င် ့ ဒေါ်အမာတို့ ထုတ်ဝေသော
“လူထု” ဂျာနယ် မှ ကျွန်တော် ့ ၀တ္ထုတို တစ်ပုဒ်ကို ဖတ် မိပြီး အားကျမိဟန်ဖြင့် စာရေးဆရာဖြစ်ချင်ကြောင်းကို ဖွင့်ပြောလိုက်ခြင်းပင်ဖြစ်ပါသည်။
နောက်တစ်ကြိမ် အလားတူ သူ ပြောခဲ့သည်မှာ ၁၉၄၇-ခုနှစ် ဧပြီလ
ကဖြစ်ပါသည်။
ဗမာ့လွတ်လပ်ရေး အကြိုကာလ၌ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးအတွက်
ဗိုလ်ချုပ် အောင်ဆန် းသည် နိုင်ငံ
အနှံအပြားသို့
ခရီးလှည် ့လည် ၍ စည်းရုံးဟောပြောရင်း ဧပြီလဆန်းသော် သူ၏ဇနီး သားသမီးများနှင့်အတူ မေမြို့(ပြင်ဦးလွင်)
သို့ ရောက်နေခိုက် ခေတ္တအပန်းဖြေ အနားယူနေခဲ့ပါသည်။
ခါတိုင်းဆိုလျှင် လုပ်ငန်းတာဝန် ဖြင့် ခရီးထွက်ရာတွင် သူ၏မိသားစုကို
ခေါ်လေ့မရှိသော်လည်း ယခုတစ်ကြိမ် တွင်မူအပြန်ခရီးကို
မကွေး၊တောင်တွင်းကြီး၊အောင်လံ၊ ပြည်မြို့မှတစ်ဆင့် ရန်ကုန်သို့ဆင်းရန်ဖြစ်ရာ ဗိုလ်ချုပ်က
မတွေ့ရတာကြာပြီ ဖြစ်သောမိခင်ကြီးဒေါ်စုအားနတ်မောက်မြို့သို့ဝင်ကန်တော့ရင်းချစ်ဇနီးဒေါ်ခင်ကြည်နှင့် တကွ
မိခင်ကြီးဒေါ်စု၏ မြေးများကိုပါ ပြလိုသောကြောင့်ရန်ကုန်မှအထွက် ခေါ်လာခဲ့ခြင်း
ဖြစ်ပါသည်။တစ်ညနေတွင် မေမြို ့ရှိတည်းခိုရာအိမ်ဝင်းအတွင်မြက်ခင်းပြင်တွင်သူ၏ကလေးများဆော့ကစား
နေပုံကို ကြည့်ပြီးကြည်နူးပီတိဖြစ်နေရာမှတစ်စုံတစ်ခုကိုစဉ်းစားမိဟန်ဖြင့်ကျွန်တော်အားရင်ဖွင့်သလိုပြောပါသည်။
“ဟေ့ကောင်၊ငါတော့လွတ်လပ် ရေးရပြီး ရင်နိုင်ငံ ရေးကအနားယူမယ်စိတ်ကူးတယ်။တိုင်းပြည်အုပ်ချုပ်
ရေးတာဝန်ကိုတော့ငါတို့ရဲ့လုပ်ဖော်ကိုင်ဖက်လူကောင်းတွေလွှဲပေးပြီးငါကတော့အနားယူရင်းစာရေးဆရာ
လုပ်ချင်တယ်။မင်းကလဲစာရေးဆရာဖြစ်ပေပြီဆိုတော့ငါ ့ အဖို့အဖော်လဲရတာပေါ့။ငါတို့ဆရာတပည့်နှစ် ယောက်စာရေးစားရင်
ဖြစ်နိုင်ပါလိမ့်မယ်ကွာ။တို့နှစ်ယောက်စလုံး
ဗမာလိုရော၊အင်္ဂလိပ်လိ ု ပါစာတွေ ရေးကြမယ်။ဒါမှလဲငါ့မိသားစုအတွက်
လောက်မယ်။တကယ်ပါကွ ာ ငါကတက္ကသိုလ်ကျောင်းသားဘဝထဲ
ကစာရေးဆရာဖြစ်ချင်တဲ ့ဆန္ဒရှိခဲ့တယ်”
ဤသို့လျှင်ဗိုလ်ချုပ်သည်သူ၏ရင်ထဲရှိသည့်အတိုင်းပွင့်လင်းစွာဖွင့်ပြောခဲ့ပါသည်။
သို့ရာတွင် နောက်သုံးလမျှအကြာရန်ကုန်မြို
့အတွင်းဝန်ရုံး အစည်း အဝေးခန်းမ၌မသာမာသူလူယုတ်မာ
တို့၏လုပ်ကြံမှု ဖြင့်မရှုမလှရေတိမ်နစ်ကျဆုံးရတော့မည်ဟူ သောကံကြမ္မာ၏အလှည့်အပြောင်း
ကိုဗိုလ်ချုပ်က
သိမသွားရှာသည်မှာအမှန်ကြေကွဲရင်နင့်ဖွယ် ကောင်းလှပါသည်။
ဗိုလ်ချုပ် အောင်ဆန်းသည်သူနှစ်ကြိမ်တိုင်တိုင်ဖွင် ့ ပြောခဲ့သလိ ု စာရေးဆရာဖြစ်ချင်သည်ဆိုသည့်အတိုင်း
တကယ်လည် း စာရေးဆရာဖြစ်နိုင် သောအရည်အချင်း အပြည့်အဝရှိကြောင်းကိုကျွန်တော့်အနေဖြင်
့ စောစောပိုင်းကပင်ကြိုတင်သိရှိနေခဲ့ပါသည်။
တက္ကသိ ုလ်သမဂ္ဂခေါင်းဆောင်အဖြစ်မှနှုတ်ထွက်၍အချိန်ပြည့်ှနိုင်ငံ ရေးလုပ်ရန်တို့ဗမာအစည်းအရုံး၏
အထွေထွေအတွင်းရေးမှူး “သခင်
အောင်ဆန်း” ဘဝကတည်းကသူသည်စာရေးဆရာဖြစ်နေပြီဟုဆို
နိုင်ပါသည်။သူ့အား ဗမာ့လွတ်လပ်ရေးတပ်မတော်၏ သေနာပတိဗိုလ် တေဇ သို့မဟုတ်
ဗိုလ်ချုပ် အောင်ဆန်း ဖြစ်လာမှစတင်သိကျွမ်းခဲ့သူများဆိုလျှင်စစ်ကြိုခေတ်(၁၉၄၁-ခုနှစ်မတိုင်မီ)ကျောင်းသား
ခေါင်းဆောင်ကိုအောင်ဆန်း နှင် ့တို့ဗမာအစည်းအရုံး၏အထွေထွေအတွင်းရေးမှူး “သခင်အောင်ဆန်း”
ဘဝကစာပေအရေးအသားကျွမ်းကျင်မှုနှင့် စာပေစွမ်းရည်အကြောင်းသိမည်မဟုတ်ပါချေ။
အထူးသဖြင့်ဗိုလ်ချုပ်နှင့်ပတ်သက်၍ အောက်ပါအချက်များကိုသိရှိခဲ့သူနည်းပါးကြပါသည်။
သူသည်ပင်ကိုယ်သဘာဝစရိုက်အားဖြင့်စိတ်ဓာတ်ခိုင်မာပြင်းထန်သူဖြစ်သည့်အလျှောက်တို့ဗမာ
အစည်းအရုံးကြီး ၏အထွေထွေအတွင်းရေးမှူး အဖြစ်အချိန်ပြည် ့ နိုင်ငံ
ရေးလုပ်ရန်ဆုံးဖြတ်လိုက်ချိန်မှ
စ၍နတ်မောက်မြိ ု ့ရှိမိခင်ထံမှ ငွေကြေးထောက်ပံမှုအကူအညီမယူဘဲမိမိကိုယ်တိုင်ရန်ကုန်မြို
့တွင် ဖြစ်သလိ ု ရပ်တည် နေထိုင်ရင်းနိုင်ငံ ရေးလုပ်ခဲ့ပါသည်။သို့သော် ရေကျော်လမ်းရှိ တို့ဗမာအစည်းအရုံးမှာပင် နေထိုင်ပြီး ခြိုးခြံ ချွေတာသုံးစွဲရန်အတွက်လိုအပ်သောငွေကိုမူသူသည်စာရေးခြင်းပညာဖြင့်ကြိုးစားရှာဖွေခဲ့ပါသည်။
ရန်ကုန်အရှေ့ပိုင်း
မောင်ဂိုမာရီလမ်း(ယခုဗိုလ်ချုပ် အောင်ဆန်းလမ်း) ရေကျော်ရှိဗမာပိုင်တစ်ခုတည်း သော
“နယူးဘားမား”(အင်္ဂလိပ်)သတင်းစာတွင်အင်္ဂလိပ်ဘာသာဖြင့်နိုင်ငံရေးဆောင်းပါးများရေးသားခြင်း။
ထိုခေတ်ကနာမည်ကျော်ကြားဆုံးမဂ္ဂဇင်းဖြစ်သော “ဒဂုန်မဂ္ဂဇင်း” တွင်ဗမာဘာသာဖြင့်
ဆောင်းပါး
များရေးသားခြင်း။ဗမာ့အလင်း နေ့စဉ်သတင်း စာကြီးအတွက် ( နာမည်မဖော်ဘဲ ) အယ်ဒီတာအာဘော
(သို့မဟုတ်)ခေါင်ကြီးများရေးသားခဲ့ခြင်းစသည်ဖြင့်နိုင်ငံရေးတာဝန်တွေများပြားသည့်ကြားမှပင်ကြိုးစား၍စာပေများရေးသားခဲ့ပါသည်။သတင်းစာခေါင်းကြီးပိုင်း
တစ်ပုဒ်လျှင်ဗမာ့အလင်း သတင် း စာတိုက်အုပ်
ဦးတင်ကစာမူခတစ်ဆယ်ကျပ်ပေးခဲ ့ ပါသည်။ဒဂုန်မဂ္ဂဇင် း
တာဝန်ခံအယ်ဒီတာဦးချစ်စိန် (ရွှေညာမောင်
)ဆိုလျှင်လည်း ၁၉၃၆ခုနှစ်တက္ကသိုလ်သပိတ်အတွင်းကပင်
ကိုအောင်ဆန်းအား လေးစားကြည်ညိုခဲ့သဖြင့်စာမူခဒဂုန်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်လျှင်စာမူခ ငွေသုံးဆယ် ပေးခဲပါသည်။အခြားစာရေးဆရာများစာမူခဆယ်ငါးကျပ်နှစ်ဆယ်ခန့်သာ ရရှိချိန်၌စာရေးဆရာ
သခင်အောင်ဆန်းရခဲ့သောစာမူခငွေသုံးဆယ်မှာထိုခေတ်ကအတော်များသည်ဆိုနိုင်ပါသည်။
ကိုအောင်ဆန်းအား လေးစားကြည်ညိုခဲ့သဖြင့်စာမူခဒဂုန်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်လျှင်စာမူခ ငွေသုံးဆယ် ပေးခဲပါသည်။အခြားစာရေးဆရာများစာမူခဆယ်ငါးကျပ်နှစ်ဆယ်ခန့်သာ ရရှိချိန်၌စာရေးဆရာ
သခင်အောင်ဆန်းရခဲ့သောစာမူခငွေသုံးဆယ်မှာထိုခေတ်ကအတော်များသည်ဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းတွင်စာရေးဆရာဖြစ်နိုင်သောအရည်အချင်းရှိသည်ကို စောစောကပင်ကျွန်တော်
သိရှိခဲ့ကြောင်း အထက်တွင် ဖော်ပြခဲ့သည့
်အတိုင်းသူ၏စာရေးသားမှုအရည်အသွေးကို
ခန့်မှန်းအကဲ
ခတ်နိုင်ရန်အောက်ပါသူ၏စစ်ကြို ခေတ်စာပေလက်ရာအချ ို ့ကို အထောက်အထားအဖြစ်ကောက်နှုတ််
ပြလိုက်ရပါသည်။
(ကံတရား၏ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင့်ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီနေ၏။သို့သော်ညွှတ်ကား၊မညွှတ်။
လောဘ၊ ဒေါသတို့၏ကြီးစိုးရာဌာန၏အခြားမဲ့၌ကား သေခြင်)
၁၉၄၀ ပြည် ့ နှစ်၊
ဖေဖော်ဝါရီလထုတ်ဒဂုန်မဂ္ဂဇင် း တွင်် (သခင ် အောင်ဆန်း) ကလောင်အမည်
ဖြင် ့ ရေးသားခဲ ့ သော (နိုင်ငံ ရေးအမျိုးမျိုး) ဆောင်းပါးမှ အောက်ပါ
ကောက်နှုတ်ချက်များသည်လည် း စိတ်ဝင်စားဖွယ်ကောင်းသည်နှင့်အမျှဗိုလ်ချုပ်၏စာပေရေးသားဖွဲ့ဆိုပုံ၊
ရေးနည်းရေးဟန်တို့ကို လေ့လာအကဲခတ်နိုင်ပါသည်။
ဤဆောင်းပါးရေးရာတွင်နိုင်ငံ ရေးဆိုသောစကားကိ ု ရှေးဦးစွာသုံးသပ်ရန်လိုသည်။(တိုင်းရေးပြည် ရေး
ပေါက်နှင် ့ ကြေး) ( ကြက်ဥအရောင်တိမ် တောင်သဖွယ်မင် ရေးချယ်)စသည်ဖြင်
့ရှေ းဗမာစာများတွင်
ဖတ်ရမှတ်ရပါ၏။ယင်း စကားများသည် ကောင်းလည်းကောင်း၏။ဆိုးလည်းဆိုး
၏။ ကောင်းပုံ ကားနိုင်င ံ ရေး၏ခက်ခဲနက်နဲသောအဓိပ္ပာယ်ကျယ်ဝန်းသောအဓိပ္ပာယ်၊သိမ်မွေ့
သောအဓိပ္ပာယ်တို့ကိုဆောင်၏။ဆိုးပုံ ကားကြားရသူများအားလမ်းစရှာမေတွေ့စေဘဲ၊ဆိုင်းဝိုင်းတွင်တီးလိုက်တိုင်
း မြည်သည် ့ စည်ကဲ့သိ ု ့ပညာရှ ိ ကြီးသဖွယ်လူများအထင်ကြီးအောင်
ပြောအောင်၊ ပြောလို့ရသည့်စကားလည်းဖြစ်၏။
ထို့ကြောင် ့ ကျွန်တော်တို့အဖို့မှာ နိုင်ငံ ရေးဆိ ုသည် ့ အဓိပ္ပာယ်အကျယ်အဝန်း အတိုင်းအထွာကိုစဉ်းစား
မိ၏။(ဗမာပြည်၏နိုင်ငံရေးသမိုင်းကို ပြန်ပြောင်း၍ကြည့်လျှင်နိုင်ငံရေးဆိုသည်မှာဘယ်လိုဟာမျိုးပါဟု
တပ်တပ်အပ်အပ်မရှ ိသည်ကိုတွေ့ရ၏။ဗမာများအဖို ့ဟုမ္မရူး၊အင်ဒီပင်းဒင်
့ ၊ဘုံဝါဒ၊ဆင်းရဲသားဝါဒ၊၀ံသာနု
စသည်ဖြင့်မီးခိုးမဆုံးမိုးမဆုံး ဖြစ်နေခဲ့သည်။
အင်္ဂလိပ်လို) ပေါ်လစ်တစ်(Politic)
ဆိုသောစကားသည်အင်္ဂလိပ်စကားမဟုတ်။(ပေါ်လစ်တစ် )
ဟူသည် ခေါမတိုင်း ခေါ်ဂရိတ်နိုင်ငံမှစတင် ပေါ်ပေါက်လာ၏။ခေါမဘာသာဖြင်
့( ပေါ်လစ်တစ်)ဆိုသော
စကားမှဆင်းသက်လာ၏။အဓိပ္ပာယ်ကားလူအများစု ပေါင်းအုပ်ချု ပ်မှုဟူ၍ ဖြစ်သည်။ထို့ကြောင့်နိုင်ငံ ရေးးကိ ု ဆိုရှယ်ဆိုင်းယင့်စ်(Social Science) ခေါ် ပေါင်းသင်းဆက်ဆံမှုသိပ္ပံပညာဟုယူဆရမည်ဖြစ်၏။
အထက်တွင်တင်ပြခဲ့သောနိုင်ငံ ရေး၏သဘောကိ ု အကျယ်ဋီကာဖွင် ့ရလျှင်ကုန်နိုင်ဖွယ်ရာမရှိ။သို့သော်
ပိုမိုသဘောပေါက် စေခြင်းငှာ ထပ်မံသရုပ်ဆောင်
ပြရဦးအံ ့။နိုင်ငံ ရေးသည်လူမှု ရေးကိစ္စအားလုံးပင် ဖြစ်၏။
(နောက်တစ်နည်းကားလူသားတို့သည်လူရိုင်းဘဝမှလူယဉ်ခေတ်ရောက်လာသည့်အခါ
(နိုင်ငံရေး)
ပေါ်လာသည်ဟုဆိုကြ၏။)
(ကျွန်တော်၏အယူအဆတွင်မူနိုင်ငံရေးကိုသိပ္ပံပညာအရထင်မြင်သုံးသပ်မှသာမှန်ကန်သည်ဟု
ထင်မိပါ၏)အထက်ပါ ကောက်နှုတ်ချက်များကို လေ့လာကြည့်ခြင်းအားဖြင့်ထိုခေတ်
(၁၉၄၀) ကနိုင်ငံရေးသိပ္ပံ
ပညာ (Political Science)အကြောင်း ရေးသားနိုင်သူအလွန်ရှားနေချိန်တွင်သခင်အောင်ဆန်း၏
ရေးသားချက်များအရသူသည်နိ ုင်ငံ ရေးသိပ္ပ ံ အကြောင်းပိုင်နိုင်စွ ာ လေ့လာထားကြောင် း သိသာထင်ရှား ပါသည်။တစ်ဖန်ဗိုလ်ချုပ်အောင်ဆန်း၏စာပေရေးသားမှု(ဟန်) နောက်တစ်မျိုးကိုတင်ပြလိုပါသေးသည်။
၁၉၄၃-ခုနှစ်သြဂုတ်လတွင်ဂျပန်တို့က ဗမာနိုင်ငံအားလွတ်လပ်ရေး (အတု )
ပေးခဲ ့ သောအခါဗိုလ်ချုပ်
အောင်ဆန်း
သည်ဗမာ့တပ်မတော်၏ သေနာပတိရာထူးအပြင်အဓိပတိ ဒေါက်တာဘမော်၏အစိုးရဖွ ဲ
့တွင်လည်း(စစ်ဝန်ကြီး) ရာထူးပါရခဲ ့ ပါသည်။ထိ
ုအခါသူ၏စစ်ဝန်ကြီးရုံးကိုရန်ကုန်မြို့ဦးဝိစာရလမ်း
၏အရှေ့ဘက် ခြမ် း(နောက်ပိုင်းဝိဇယရုပ်ရှင်ရုံတည်ရာမှ မြောက်ဖက်ယွန်းယွန်းတွင်ထားရှိခဲ့ပါသည်။)
ဗိုလ်ချုပ်ကိုယ်တိုင်က(စစ်ဝန်ကြီး)အဖြစ် နေ့စဉ်ရုံးတက်ပြီးတပ်မတော်တစ်ခုလုံးကိုစီမံခန့်ခွဲကွပ်ကဲ
ခဲ့ပါသည်။အသစ်ဖွဲစည်းလိုက် သောစစ်ဝန်ကြီးရုံး အခြေကျလာသောအခါအချိန်အနည်းငယ်ရသဖြင့ ်
ဗိုလ်ချုပ်သည်သူ စောစောကပင် ရေးသားရန်ရည်ရွယ်ထားခဲ့သောစာရေးခြင်းအလုပ်ကိုစတင်လုပ်ခဲ့ပါသည်။
သူရေးသည့်စာကတော့အင်္ဂလိပ်ဘာသာဖြင့် ကိုယ်ရေးအတ္ထုပ္ပတ္တိပင်ဖြစ်သည်။
သို့ရာတွင်ဗိုလ်ချုပ်သည်သူအလွန်စိတ်ဝင်စားစွာဖြင့် ရေးနေသောကိုယ်ရေးအတ္ထုပ္ပတ္တိကိုပြီးအောင်
အဆုံးမသတ်နိုင်ခဲ့ရှာပါ။၁၉၄၄တွင်ဖက်ဆစ်တော်လှန်မှုအရေးတော်ပုံအတွက်လျှို့ဝှက် ပြင်ဆင်မှုများဖြင့်
အလွန်အလုပ်များလာသောကြောင် ့ ဗိုလ်ချုပ်၏ ရေးလက်စကိုယ်ရေးအတ္ထု ပ္ပတ္တ ိ ကိ ု တစ်ပိုင ် းတစ်စနှင် ့ ပင်ရပ်ထားခဲ
့ ရသည်မှာ၁၉၄၇ခုနှစ်သူကွယ်လွန်သွားချိန်အထိပင်ဖြစ်ပါသည်။
ယင်းဗိုလ်ချုပ်၏ကိုယ်ရေးအတ္ထုပ္ပတ္တိမှ အောက်ပါကောက်နှုတ်ချက်များကို
လေ့လာကြည့်ကြပါစို့။
(ကျွန်တော်သည်လူရိုင်းဘဝကလာလေသလားမသိ။ယနေ့အထိလူရိုင်းသဘောမျိုး နေချင်သည့်
စိတ်ထားများရှိနေသည်။ရံဖန်ရံခါလူယဉ်ကျေးဆိုသူများနှင့်အသားမကျခဲ့။မျက်စိနောက်
မြင်ပြင်းကပ်
လာသည်။ထိုအခါငါသည်လူရိုင်းဟုဇာတိစွဲ ဖြစ်ချင်သည့်စိတ် ပေါ်လာတတ်သည်။လူရိုင်းကားကြမ်း၏။
ခက်ထန်၏။သို့သော် ဖြူဖြောင့်၏။တည်ကြည်၏။လွတ်လပ်၏။ကျန်းမာ၏။သန်စွမ်း၏။ကျွန်တော်၏
စိတ်ဝယ်အင်မတန်စိုပြေလတ်ဆတ် သောဘဝဟုယူဆမိသည်။ဗမာပြည်ရှိလူအားလုံး လူရိုင်း ဘဝသိ ု ့ ရောက်ချင်ရောက်သွား ပါစေ။လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်
နေနိုင်မည်ဆိုလျှင်မလွတ်လပ် သောလူယဉ် ကျေးဘဝထက်ကျွန်တော်အဆတစ်ရာမြတ်နိုးသည်။)
(ကျွန်တော်စိမ်းလန်းစိုပြေကျယ် ပြန့် သောလွင် ပြင်ရိုင်းတွင်လက်ပန်းပေါက်ခတ်၍လွတ်လွတ်လပ်လပ်
မြူးတူးအော်ဟစ်နေလိုသည်)
အထက်ပါ ကောက်နှုတ်ချက်ကိ
ု ကြည် ့ ခြင် းအားဖြင် ့ ဗိုလ်ချုပ် အောင်ဆန်း၏ဗမာစကားပြေ ရေးသားဟန်ကိုပေါ်လွင်ထင်ရှားသည်ဟုဆိုရပါမည်။၀ါကျတည်ဆောက်ပုံကတိုတိုတုတ်တုတ်နှင့်လိုရင်းကိုထိထိမိမိရေးဖွဲ့ထားသည်။သုံးသည့်ဝေါဟာရစကားလုံးများကလည်းတိကျပြတ်သားသည်။ဟန်ဆောင်မှုကင်းသော
သူ၏ပင်ကိုယ်သဘာဝစရိုက်ကိုပါ ပေါ်လွင်စေသည်
့ အပြင်သူ၏နှလုံးသားအတွင်း ကိန်းအောင်းတည်ရှိ
နေသောဖြစ်ပေါ်ခံစားချက်ကိုပါပွင့်လင်းစွာဖော်ထုတ်ရေးဖွဲ့ထားသည်ဟုဆိုနိုင်ပါသည်။ဗိုလ်ချုပ်အောင်ဆန်း၏
စာပေအရေးအသားအကြောင်း ပြောရလျှင်သူ၏အင်္ဂလိပ်စာ ရေးသားမှုကျွမ်းကျင်ပုံကိုပါ ဖော်ထုတ်တင်
ပြရမည်။၁၉၆၅-ခုနှစ်ကကျွန်တော်သည်လုပ်သား(အင်္ဂလိပ် ) သတင်းစာအတွက်
(တပ်မတော်နေ့) ဆောင်းပါးတစ်ပုဒ်ကိုအင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ဖူးပါသည်။
ယင်းဆောင်းပါး၌ကျွန်တော်သည ်၁၉၄၅-ခုနှစ်၊သြဂုတ်လကဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ရေးသား
ဖတ်ကြားခဲ ့ သော(ဖက်ဆစ် တော်လှန် ရေးစစ်တမ်း)
အင်္ဂလိပ်ဘာသာမူရင်းမှ ကောက်နှုတ်ချက်အချို
့ကို ကိုးကားခဲ ့ပါသည်။
ယင်းဆောင်း ပါးကိုသတင်း စာတွင် မထည်မီ တစ်ရက်ကလုပ်သား (အင်္ဂလိပ်စာ ) သတင် း စာအယ်ဒီတာချုပ်
ဦးခင်မောင်လတ် (ဒေါ်ခင်မျိုးချစ်၏ခင်ပွန်း)ကကျွန်တော့်ကိုတယ်လီဖုန်းဆက်မေးပါသည်။
(ကိုနေဝင်း၊ခင်ဗျား ဆောင်းပါးက
ကောင်းပါတယ်။ကျွန်တော်တို ့သုံးမှာပါ။ဒါထက်အဲ့ဒီ ဆောင်းပါးမှ ာ
ခင်ဗျားကောက်နှုတ်ကိုးကားထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့အင်္ဂလိပ်လို
(ဖက်ဆစ်တော်လှန်ရေးစစ်တမ်း)ကို
ဗိုလ်ချုပ်ကိုယ်တိုင်ရေးခဲ့တာလား၊ဒါမှမဟုတ်တစ်ယောက်ယောက်ကများ ရေးပေးတာလား)
(ဗိုလ်ချုပ်ကိုယ်တိုင်ရေးတာပါ၊အဲဒါတော့ကျွန်တော်ကောင်းကောင်းသိပါတယ်။ဘာဖြစ်လို့လဲဆရာ
ခင် မောင်လတ်)
(ဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်စာအရေးအသား ကောင်းလွန်းလို့ပါပဲ။ ဝေါဟာရ
“သတ်ပုံ၊၀ါကျ
တည်ဆောက်ပုံ ၊စကားလုံး တွေသုံးထားပုံကဗိုလ်ချုပ်လို ဗမာစာဦး စားပေးသင်တဲ ့ ရေနံချောင်း
နေရှင်နယ်ကျေ ာင် းကထွက်လာသူတစ်ဦးရဲ့လက်ရာနဲ့လုံးဝမတူဘူးဗျာ။ရှင်းရှင်းပြောရရင်ခရစ်ယာန်သာသနာပြု
ကျောင်း(ယူရိုပီယမ် ကျောင်း)ထွက် တွေထက် တောင်သာနေလို့အံ ့ သြစရာကောင်း
လို့ပါ။တကယ်ပါဗျ ာ။ဗိ ု လ်ချုပ်လို အင်္ဂလိပ်စာရေးသားမှုပိုင်နိုင်ကျွမ်းကျင်သူမျိုးဟာအလွန်ရှားပါတယ်။ကဲ-ဒါပါပဲ)
ဤသို့လျှင်သူကိုယ်တိုင်ကမဟာဝိဇ္ဇာ(အင်္ဂလိပ်)ဘွဲ့ရအင်္ဂလိပ်စာပြဆရာကြီးတစ်ဦးလုပ်ခဲ့သူ
ဦးခင်မောင်လတ်ကိုယ်တိုင်ဖွင် ့ ဟချီးကျူး ခဲ ့ ရလောက် အောင်ဗိုလ်ချုပ်
အောင်ဆန်း၏အင်္ဂလိပ်စာကျွမ် း ကျင်မှုသည်အံ့သြဖွယ်ရာ ကောင်းလှပါသည်။
ထိ ု ့ ကြောင် ့ (လွတ်လပ် ရေးရပြီးရင်ငါတော့နိုင်ငံ ရေးကအနားယူပြီး စာရေးဆရာလုပ်မယ်စိတ်ကူး တယ်)
ဟု၁၉၄၇-ခုနှစ်ဧပြီလက
ပြင်ဦးလွင် ( မေမြိ ု ့ )တွင် ပြောခဲ့သူဗိုလ်ချုပ်သည်တကယ်ပင်စာရေးဆရာ (အင်္ဂလိပ်ဗမာနှစ်ဘာသာ) ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်သည်မှာလုံးဝယုံမှားဖွယ်မရှိပါကြောင်း
တင်ပြလိုက်ရပါသည်။
“ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ်” မှကောက်နုတ်
တင်ပြပါသည်။